
Automatic Arm BPM (HEM-7156)
Product Description
BLOOD PRESSURE MONITORS. HEM 7156 Product Knowledege
တိကျမှုသည်သွေးပေါင်ချိန်တိုင်းတာရာတွင်အရေးကြီးဆုံးလိုအပ်ချက်တစ်ခုဖြစ်သည်။
OMRON ၏ HEM-7156 သည် IntelliWrap ™ 360 °တိကျမှန်ကန်မှုနှင့်အတူ သင် လက်ပတ်ကိုမည်သို့ဝတ်ဆင်ပါစေဆေးခန်းတွင် တိုင်းတာသကဲ့သို့တသမတ်တည်းနှင့်တိကျမှန်ကန်သောအဖြေကို ပေးစွမ်းနိုင်သည်။
လက်မောင်းပတ်အချက်ပြမီးသီး
အသုံးပြုသူကို တိကျပြီး စိတ်ချရသော သွေးပေါင်ချိန်တိုင်းတာမှု ရလဒ်ရရှိစေရန် လက်ပတ် စနစ်တကျ ပတ်နိုင်အောင် ညွှန်ပြပေးသည်။
ခန္ဓာကိုယ်လှုပ်ရှားမှုကို တိုင်းတာပေးမှု
ခန္ဓာကိုယ် လှုပ်ရှားမှုကြောင့် တစ်စုံတစ်ခု မှားယွင်းသွားပါက အသုံးပြုအနေဖြင့် ပြန်လည်တိုင်းတာရန် လိုအပ်သည်။
မူမမှန်သော နှလုံးခုန်သံအချက်ပြသင်္ကေတ
ပုံမမှန် နှလုံးခုန်ခြင်း ဆိုသည်မှာ သွေးပေါင်ချိန် တိုင်းတာစဉ် ပုံမှန် နှလုံးခုန်စည်းချက်မှ ၂၅ ရာခိုင်နှုန်းထပ် ပို၍ ပြောင်းလဲမှုရှိသော နှလုံးခုန်ခြင်းကို ဆိုလိုသည်။
၁. တိုင်းတာစဉ် ဤသို့ ပုံမမှန်နှလုံးခုန်ခြင်း နှစ်ကြိမ်ထပ်ပို၍ တွေ့ရှိရပါက သွေးပေါင်ချိန်ရလဒ်နှင့် ပုံမမှန် နှလုံးခုန်ခြင်းသင်္ကေတသည် မျက်နှာပြင်တွင် ပေါ်လာမည် ဖြစ်သည်။
၂. ပုံမမှန်နှလုံးခုန်သောကြောင့် တိုင်းတာမှု အဖြေများအကျုံးမဝင်ပါက မည်သည့် အဖြေမျှပြသမည် မဟုတ်ပါ။
၃. အကယ်၍ တိုင်းတာမှုလုပ်ပြီးမှ ပုံမမှန်နှလုံးခုန်ခြင်း သင်္ကေတပေါ်လာပါက ပြန်၍ တိုင်းတာပါ။
၄. အချက်ပြသင်္ကေတများ ဆက်ပေါ်နေပါက ဆရာဝန်နှင့်ပြသတိုင်ပင်ကြည့်ရန် ကျွနိုပ်တို့ အကြံပြုလိုပါသည်။
သွေးတိုးရောဂါညွှန်ပြချက်
သတ်မှတ်ထားသော ပမာဏအတွင်း (အပေါ်သွေး ၁၃၅ အထက်နှင့် အောက်သွေး ၈၅ အောက်ရောက်နေပါက) နှလုံးပုံသဏ္ဍာန် အချက်ပြချက်ပေါ်လာမည်ဖြစ်သည်။ Algorithm အသစ်ကြောင့် သွေးပေါင်ချိန်အဖြေသည် 4 mmHg အတွင်းသာ အပြောင်းအလဲ ဖြစ်နိုင်ပါသည်။ ခလုတ်တစ်ချက် နှိပ်ရုံဖြင့် အဆင့်မြင့် IntelliSense Technology သည် တိုင်းတာမှုအဖြေကို လျင်မြန်စွာ ထုတ်ပေးနိုင်သည်။IntelliSense မော်နီတာသည် အသုံးပြုသည့်အခါ လက်ပတ်ကို သင့်တော်သောပမာဏအထိ ဖောင်းအောင် ပြုလုပ်ပေးမည် ဖြစ်သည်။ အသုံးပြုသူမှ မည်သည့်ချိန်ဆမှုမှ ပြုလုပ်ရန် မလိုပါ။ ထို့ကြောင့် သွေးပေါင်ချိန် အပြောင်းအလဲဖြစ်တတ်သော သွေးတိုးရောဂါရှိသူများ၊ နှလုံးခုန် မမှန်သူများ၊ နှလုံးပြဿနာ ရှိသူများအတွက် သင့်တော်ပါသည်။
Advantages of Enhanced IntelliSense Technology
1.အလိုအလျောက် ထိန်းချုပ်စနစ် ဖြစ်သည်။
2.သက်တောင့်သက်သာ ရှိစေရန် အထူးပြုလုပ်ထားသည်။
3.တိုင်းတာပြီးလျှင်လည်း လေဖိအားကို လျှင်မြန်စွာ လျှော့ပေးနိုင်သည်။
၁၀ မိနစ်အတွင်း သုံးကြိမ်တိုင်းတာမှု၏ ပျမ်းမျှရလဒ်
တိုင်းတာမှု ၆၀ ကြိမ်ကို မှတ်ဉာဏ်တွင် သိမ်းဆည်းခြင်း
Purchased products are not returnable. (ဝယ်ယူပြီးပစ္စည်းများအားပြန်ပြီးလဲလှယ်ခွင့်မပြုပါ။)